Asylum အောင်ပြီးလျှင်

I-485 Application to Register Permanent Resident or Adjust Status တင်ရပါတယ်။ Application Fee၊ Biometric Fee စုစုပေါင်း $1000 ကျော်ပေးပြီး Green Card (Permanent Resident) ရဖို့ စောင့်ရပါတယ်။

အရင်က တင်ပေးဖူးတဲ့ cases တွေကတော့ Asylee Adjustment ( Permanent Resident) ရဖို့ ၃ လပဲ ကြာခဲ့ပါတယ်။

Green Card ရတော့ income လဲ မရှိသေး အဲဒိီ State မှာနေတာ တနှစ်ရှိရင် in state tuition fee နဲ့တက်ရတာဆိုရင် Community College ဆို အလကားပေးတက်တာပါ။ တချို့ State တွေဆို ကျောင်းတက်လို့ ထောက်ပံ့ကြေးငွေတောင်ပေးတတ်ပါသေးတယ်။

Asylum ဆိုတာ တင်ပြီးနေတာထက် အောင်ဖို့ ဘာကြောင့် အရေးကြီးတာလဲ သိစေချင်လို့ ပြောပြပေးတာပါနော်။

အားလုံးပဲ ကံကောင်းကြပါစေ။
#MoefromAmerica ❤️🇺🇸