အမေရိကန်နိုင်ငံမှာ Master Degree တက်ကြစို့….

  1. အမေရိကန်နိုင်ငံမှာ Master Degree လာတက်တဲ့ မခိုင်နဲ့ အမေးအဖြေ Live Interview လေးကို မကြည့်ရသေးရင် youtube မှာလဲ တင်ထားပေးပြီးပါပြီ။

🔗Interview with a Master’s Degree Student

မခိုင်က အသက် ၃၈ နှစ်ရှိနေပါပြီ။ လုပ်သက် ၁၀ နှစ်ကျော် Master Degree လာတက်တာပါ။ သူက အကြံပေးတာက အမေတွေ၊ အဖေတွေ ကျောင်းတက်နိုင်သေးရင် လာတက်ပါ ကိုယ့်ရဲ့ Spouse ကို ခေါ်လာလို့ရပါတယ်။ သားသမီးက US က အစိုးရကျောင်း Free တက်လို့ရပါတယ်။ မခိုင်က F-1 သမီးနဲ့ အမျိုးသားက F-2 Dependents Visa ရခဲ့တာပါ။

ကျောင်းလာတက်မယ်ဆိုရင် ကျောင်းလခ တနှစ်စာ၊ နေစရိတ်၊ စားစရိတ် ၆ လစာလောက် ရှိထားရင် ကောင်းပါတယ်။ ရောက်ရောက်ချင်း အလုပ်လုပ်ဖို့၊ အလုပ်ရဖို့ မလွယ်သေးလို့ပါ။

အဝတ်အစားဆို Puffer Jacket 🧥 Uniqlo က ပါးပါးနဲ့ နွေးလို့ အဆင်ပြေပါတယ်။ $85 ဝန်းကျင်လောက်ပေးရတယ်။

Laptop အတွက် ခေါင်းက US 110v နဲ့ အာရှက 220v မတူလို့ ကြိုဝယ်လာရင် ကောင်းမယ်လို့ အကြံပေးပါတယ်။

ကလေးတွေဆို ကာကွယ်ဆေးထိုးလာပါ၊ Record တွေ အကုန်ယူခဲ့ပေးပါ။ ကျောင်းတက်ရင် လိုအပ်ပါတယ်။

ကျောင်းပြီးရင် OPT က ရိုးရိုးဆို ၁၂ လပဲရပေမယ့် STEM ဆို ၃ နှစ်ရပါတယ်။ မခိုင်က MBA တက်ပေမယ့် ကျောင်းက Orientation တက်ပြီး OPT ၃ နှစ်ရဖို့ Maths ပါတာတွေကို ယူပြီး STEM ကိုရွေးခြယ်လိုက်ပါတယ်။

စလုပ်မယ်ဆို ငွေရေးကြေးရေးကအစ ကျောင်းလျှောက်တာ၊ Visa ဝင်တာ၊ အိမ်ဌားတာ အချိန်ယူကြိုတင်ပြင်ဆင်ဖို့တော့လိုပါတယ်။

ကြိုတင်ပြင်ဆင်ခြင်းဖြင့် အစစအရာရာ ချောမွေ့အောင်မြင်စေပြီး စိတ်ပူရတာ သက်သာစေမှာပါ။

အမေရိကန်နိုင်ငံမှာ တကယ် ကျောင်းတက်ဖို့ စိတ်ဝင်စားသူတွေ၊ မိသားစုတွေကို #MoefromAmerica က ကူညီပြင်ဆင် အကြံပေးပေးပါတယ်။

#MoefromAmerica ❤️🇺🇸