အမေရိကန်နိုင်ငံမှာ Healthcare နဲ့ ပတ်သက်တာ တက်ဖို့ စိတ်ဝင်စားသူတွေအတွက်…

Healthcare အလုပ်က အလုပ်ပေါတယ်၊ အလုပ်ဖြုတ်ခံရတာ ရှားတယ်၊ အချိန်ပိုလုပ်ချင်လဲ ရတယ်၊ အလုပ် secure ဖြစ်တာ ကြိုက်သူတွေ အတွက်သင့်တော်ပါတယ်။

▪️Associate Degree 2 နှစ်မှာတက်လို့ရတာတွေက…
Dental Assisting.
Medical Assisting.
Radiologic Technology.
Surgical Technology.
Healthcare Administration.
Health Information Management.
Medical Billing and Coding.
Health and Human Services.

▪️၄ နှစ်တက်ရတဲ့ Bachelor Degree မှာဆိုရင် Top ဖြစ်တာတွေက….

Biology. …
Biochemistry. …
Public health. …
Health sciences. …
Exercise science. …
Nursing. …
Biomedical engineering. …တွေပါ။

▪️ဘွဲ့တခုရပြီးရင် ၂ နှစ်တက်ရတဲ့ Master Degree
Physician Assistant
Nursing Studies.
Biomedical Studies.
Pharmaceutical Medicine.
Master of Public Health

▪️နောက်ထပ် ၃-၄ နှစ် Doctorate Degree တက်ရတာတွေက….
Medical Doctor
Doctors of Osteopathic Medicine (DOs)
Dentist
Ophthalmologists
Doctor of Pharmacy
Physcial Therapist တွေ တက်လို့ရပါတယ်။

ဘာတက်မလဲဆိုတာက မိမိရဲ့ အချိန်ပေးနိုင်တာ၊ ငွေ အကုန်အကျခံနိုင်မှုပေါ်မှာ မူတည်ပါတယ်။

တခြားနိုင်ငံမှာ ဆရာဝန်ဘွဲ့ရထားတယ်၊ Pharmacy ဘွဲ့ရထားတယ် Credits ပေးလားမေးကြတာများလို့ ….လိုအပ်တဲ့ prerequisites တွေတက်ပြီး မိမိတက်ချင်တဲ့ Program ကို လျှောက်နိုင်ပါတယ်၊ မတက်ဘူးဆိုရင် Program တွေက ရွေးမှာမဟုတ်သလို ကျောင်းမှာ စာလိုက်နိုင်ဖို့ ခက်ပါတယ်။ ကျောင်းက တပတ် ၅ ရက်လုံး မနက် ၈/၉-၅ နာရီအထိတက်ရပြီး Clinical Rotations တွေလဲ Semester တိုင်းဆင်းရပါတယ်။

ကျောင်းတက်တုန်းက တရုတ်ပြည်မှာ ဆရာဝန်ဘွဲ့ရထားတဲ့ အသက် ၄၀ ကျော် အမကြီး တယောက်နဲ့ တွေ့ဖူးတယ်။ သူက စာကလိုက်နိုင်တယ်၊ Language မပြောနိုင်လို့ Community College မှာ prerequisites အတန်းတွေ တက်ပြီး 4 years Doctorate in Pharmacy Program ကို Join ခဲ့တာပါ။

တခြားနိုင်ငံက Degree ကို Evaluate လုပ်တာ အရမ်းကြာပါတယ်၊ TOEFL ဖြေရတယ်၊ သက်ဆိုင်ရာ လိုင်စင် exam ဖြေရတယ်။ သင်ထားတာ မတူသလို စာမေးပွဲက လဲ ခက်ပါတယ်။ တချို့တွေ နှစ်ပေါင်းများစွာကြာတာတောင် လိုင်စင်မရကြဘူး။

မြန်မာပြည်မှာ ဆရာဝန်၊ Pharmacy ဘွဲ့ရထားတယ်ဆိုရင် အချိန်ကုန် သက်သာစေပြီး လစာကောင်း အလုပ်ရနိုင်တာက ၂ နှစ်ပဲ တက်ရတဲ့ Master Degree ပါ။

Doctorate Degree တွေဆိုရင် နောက်ထပ် ၆-၈ နှစ် အချိန်ကုန်ခံရပြီး ပိုက်ဆံလဲ အများကြီး ကုန်နိုင်ပါတယ်။

အမေရိကန်နိုင်ငံမှာ ကလေး ကျောင်းထားမယ်၊ Community College နဲ့ Master Degree တက်မယ်ဆိုရင် #MoefromAmerica နဲ့ ဆက်သွယ်နိုင်ပါတယ်။

#MoefromAmerica ❤️🇺🇸
———
#MoefromAmerica is Experienced in Education. She studied in Australia in her teenage years, then she went to Community Colleges and Universities in United States. She has earned her Doctorate Degree in Pharmacy and currently working as a Licensed Pharmacist.