“မကောင်းတာတွေ တွေးတာလျှော့ပါ”
လူတယောက်မှာ အလုပ်လုပ်ဖို့ ခွန်အား Energy လိုအပ်ပါတယ်။
ခြေထောက်က ပြေးဖို့ခွန်အားလိုအပ်သလို
လက်က အလေးမဖို့ ခွန်အားလိုအပ်ပါတယ်။
ဦးနှောက်က စဉ်းစားဖို့၊ အာရုံ စူးစိုက်ဖို့ ၊ ဆုံးဖြတ်ချက်ချဖို့ Energy အများကြီး လိုအပ်ပါတယ်။
ဒါကြောင့်မို့ မလိုအပ်တဲ့ မကောင်းတာတွေးတာတွေ Negative Thoughts တွေကို လျှော့ချပြီး ကောင်းတဲ့ Positive Thinking တွေ များများစဉ်းစားပြီး အာရုံစူးစိုက်ခြင်းအားဖြင့် မိမိလိုရာပန်းတိုင်ကို ရောက်မှာပါ။
ကောင်းတာတွေ စဉ်းစားတာ တခုတည်းနဲ့လဲ ဘဝကြီးက ပြောင်းလဲ သွားမှာ မဟုတ်ပါဘူး။
နည်းစံနစ် Strategies တကျလုပ်တတ်ဖို့နဲ့ တဆင့်ချင်းစီ Step-by-step plans ချတတ်ပြီး သေချာ Action ယူ ကြိုးစားဖို့လဲ လိုပါသေးတယ်။
မိမိ ဘဝကို ပြောင်းလဲဖို့ မိမိနေချင်တဲ့ ဘဝကို ရအောင်ဖန်တီးဖို့ က မိမိရဲ့ အတွေးအခေါ်၊ လုပ်ဆောင်ချက် ပေါ်မှာပဲ မူတည်ပါတယ်။
မကောင်းတဲ့ အတွေးတွေ လျှော့ချဖို့ ဘာတွေလုပ်ဖြစ်ကြလဲ ပြောပြပေးပါဦးနော်။
#MoefromAmerica ❤️🇺🇸