အမေရိကန်နိုင်ငံမှာ international students အများစုတက်တဲ့ ဘာသာရပ်(၃)မျိုး…

အမေရိကန်နိုင်ငံမှာ ကျောင်းလာတက်ရင် international students အများစုက

▪️Engineering & Technology.
▪️Business and Management.
▪️Maths & Computer Science တွေ အများဆုံးတက်ကြပါတယ်။

Nursing, Medical Assisting တွေ တက်ရင် ကျွန်မ Interview Training သင်ပေးလာတဲ့ အတွေ့အကြုံအရ Visa ရဖို့ မလွယ်ကူလှပါဘူး။ အဲဒီ ဘာသာရပ်တွေက တက်ပြီးရင် US မှာပဲ အသုံးချရတာမို့ ကျောင်းပြီးရင် ကိုယ့်နိုင်ငံကို ပြန်မယ်လို့ ပြောရင် ယုံကြည်စရာ မရှိလို့ Visa Officers တွေက Visa Rejected လုပ်တတ်ပါတယ်။

Community College မှာ Healthcare တက်ချင်လို့ Biology တက်မယ်ဆို ဖြစ်နိုင်ပါသေးတယ်။

Visa Rejected ရရင် စိတ်ပင်ပန်း၊ လူပင်ပန်း အချိန်လဲကုန်၊ ငွေလဲ ကုန်ပါတယ်။ ဒါကြောင့်မို့ Visa လျှောက်မယ်ဆိုရင် မိမိနဲ့ သင့်တော်မယ့် Major ကို ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီး မလျှောက်ခင် သေချာဆွေးနွေး စဉ်းစားသုံးသပ်ဖို့လိုပါမယ်။

#MoefromAmerica ❤️🇺🇸