USမှာကျောင်း 2နှစ်တက်ပြီး Associated Degreeနဲ့ လစာကောင်းတဲ့ဘာသာရပ်…

US ကို အသက်ကြီးမှရောက်လာတာပဲဖြစ်ဖြစ်
ကလေး အမေဖြစ်သွားလို့ ကျောင်းတက်ဖို့ အချိန် အများကြီး မပေးနိုင်ဘူးဆိုရင် အချိန် 2 နှစ်လောက်ပဲ ပေးပြီး Associated Degree ရပြီး လစာကောင်းတဲ့ ဒီဘာသာရပ်လေးတွေတက်လို့ရတယ်နော်။

1. Radiation Therapist
National average salary: $86,850 per year
ဆေးရုံတွေ ဆေးခန်းတွေမှာ MRI ရိုက်ပေးရသူတွေပါ။

2. Veterinary technician
National average salary: $30,928 per year

တိမွေးကု လက်ထောက်လုပ်ပေးရတဲ့ အလုပ်ပါ။

3. Pharmacy technician
National average salary: $31,532 per year

Pharmacy မှာ Pharmacist ရဲ့ လက်ထောက်လုပ်ပေးရသူတွေပါ

4. Medical equipment technician
National average salary: $37,911 per year
ဆေးရုံတွေမှာသုံးတဲ့ Medical Equipment တွေကို ထိန်းသိမ်းပေးရတာပါ။

5. Medical records specialist
National average salary: $38,908 per year

ဆေးရုံ ဆေးပေးခန်းတွေမှာ insurance တို့ ဆေးမှတ်တမ်းတွေ ထိန်းသိမ်းပေးရသူတွေပါ။

6. Funeral services assistant
National average salary: $45,352 per year

အသုဘ အခမ်းအနား ပြင်ဆင်ပေးသူတွေရဲ့ လက်ထောက်ပါ။

7. Medical registrar
National average salary: $46,083 per year

ဆေးရုံ ဆေးခန်းတွေမှာ လူနာမှတ်တမ်း စာရင်းသွင်းပေးသူတွေပါ။

8. Respiratory therapist
National median salary: $62,810 per year

အသက်ရှုလမ်းကြောင်း ပြသနာရှိသူတွေအတွက် စမ်းသပ် စစ်ဆေးပေးရသူတွေပါ။

9. Dental Hygienist $ 77,090 per year
သွားသန့်ရှင်းရေးလုပ်ပေး ကျောက်ဆေးပေးရသူတွေပါ Associated Degree ကနေ Bachelor Degree , Master Degree ထိတက်လို့ရပါတယ်။

(လစာတွေက တနှစ်စာ လစာတွေပါ)
Community College ဆို ကျောင်းလခ တနှစ် $၁၀၀၀၀ လောက်ရှိပါတယ်။ Immigrant နဲ့ ရောက်လာတာ/ DV ပေါက်ထားရင် အစိုးရပေးတဲ့ Financial Aid ရရင် အလကားသို့ အလကားနီးပါးတက်လို့ရပါတယ်။

ဘယ် ဘာသာရပ်မျိုးစိတ်ဝင်စားကြလဲ ပြောပြပေးပါဦး။

ချစ်ခြင်းများစွာဖြင့် ❤️
#MoefromAmerica