“အသက်အရွယ်အလိုက်ရှိသင့်တဲ့ စုငွေ”

နိုင်ငံတနိုင်ငံမှာ အခြေချနေရင် စဉ်းစားသင့်တာ စုငွေလဲပါပါတယ်၊ အလုပ်ပဲလုပ်နေပြီး ဘာမှ မစုမိဘူးဆိုရင် အသက်ကြီးလာတဲ့ အထိ အေးအေးလူလူ ပင်စင်မယူနိုင်ပဲအလုပ်တွေလုပ်နေရမှာ….

အမေရိကန်နိုင်ငံမှာ အသက်အရွယ်အလိုက် လုပ်သက်အလိုက် ပင်စင်ယူရင် ရှိသင့်တဲ့ 401 K savings တွေကို Financial Samurai ကဖော်ပြထားတဲ့ ဇယားလေးပါ။

အခုတလော လူတော်တော်များများနဲ့ စကားပြောဖြစ်တဲ့အခါ အသက် ၄၀ ဝန်းကျင် လုပ်သက် ၁၅ နှစ်လောက်ရှိတဲ့ Singapore က Engineers တွေက စုငွေ Singapore $100,000 ဝန်းကျင် ရှိတတ်ကြပြီး အမေရိကန်နိုင်ငံမှာ လုပ်သက်အတူတူ Engineers တွေက စုငွေ $400,000 လောက် ဝန်းကျင် ရှိကြတာ တွေ့ရတယ်။

အစကတည်းက နှစ်တွေ အများကြီး မကုန်သွားခင် အခြေချတဲ့ နိုင်ငံကို သေချာရွေးဖို့လိုအပ်ပါတယ်။

အမေရိကန်နိုင်ငံက ပင်စင်ယူရင် သုံးဖို့ စုထားတဲ့ 401(k) တိုးပွါးဖို့ တိုးရင်းပေါင်း အတိုးတွေက ရသလို၊ ရင်းနှိီးမြှုပ်နှံဖို့ ရွေးခြယ်တဲ့ stocks တွေ၊ CDs၊ bonds၊ money market funds တွေကနေလဲ တိုးပွါးလာကြပါတယ်။

အမေရိကန်တွေရဲ့ lifestyle ထဲမှာ ပင်စင်ကောင်းကောင်းယူဖို့ပါဝင်သလို မိဘတွေက သားသမီးဆိီက ထောက်ပံ့တာရဖို့ မမျှော်လင့်ထားကြပါဘူး၊ ကိုယ်ပိုင် savings တွေ စုဆောင်းထားတတ်ကြပါတယ်။

အသက်ကြီးလာရင် စိတ်မပူရဖို့ ငယ်ရွယ်စဉ်ကတည်းက စောစောစပြီး ပိုက်ဆံစုဖို့ လိုအပ်ပါတယ်။

#MoefromAmerica ❤️🇺🇸