အလုပ်ကောင်းရဖို့ ဘယ်လို အရည်အချင်းတွေလိုအပ်လဲ?

လူတိုင်းကတော့ အလုပ်ကောင်းကောင်းလုပ်ချင်ကြတဲ့သူတွေ၊ သက်သက်သာသာ အေးအေးဆေးဆေးနဲ့ မိမိအိပ်မက်ထဲက အလုပ်မျိုး လုပ်ချင်ကြတဲ့သူတွေပါပဲ။

တခြားနိုင်ငံကို သွားရောက် အခြေချသူတွေဆို အဲနိုင်ငံကလိုအပ်တဲ့ skills တွေ မရှိတော့ အစကနေပြန်စကြရတယ်။

နိုင်ငံရပ်ခြား ရောက်ရင် အလုပ်ရှာလို့မရဘူးဆိုတာ ဒီလိုအချက်တွေကြောင့်ပါ။

၁။ Skill Requirements
ရောက်ကာစလူတိုင်းက ဘာမှ မသိကြ၊ အရည်အချင်းမရှိကြသေးဘူး။ အခြေခံ အလုပ်လုပ်ကြရတယ်။ အဲအလုပ်တွေက လူတိုင်းလုပ်တတ်တော့ ကြိုက်တဲ့သူ ဆွဲခန့်လို့ရတော့ ဘယ်သူ့ကိုခန့်မှ မဟုတ်တော့ ဘာမှ မတတ်ရင် အလုပ်ရှာရခက်ကြပါတယ်။

အလုပ်ရှင်တွေက training လုပ်ပေးဖို့ အချိန် မရှိကြတာ၊ training လုပ်မယ့် ပိုက်ဆံကို မသုံးချင်ကြတာကြောင့် skills ရှိသူကိုပဲ လိုချင်ကြတယ်။

၂။ ပညာအရည်အချင်း
အလုပ်ခန့်ရင် ပညာအရည်အချင်းကိုလဲ ထည့်သွင်းစဉ်းစားကြတယ်။ ပညာတတ်လေ ပိုစဉ်းစားတတ်ပြီး အမှားအယွင်းနဲတယ်။ သင်ပေးရင် မြန်မြန်တတ်လွယ်တယ်။

၃။ အလုပ်အတွေ့အကြုံ
အလုပ်ကြော်ငြာထဲမှာ အလုပ်အတွေ့အကြုံရှိသူကို ဦးစားပေးမယ်ဆိုတာ မကြာခဏတွေ့ဖူးကြမှာပါ။ အလုပ်အတွေ့အကြုံများလေ အလုပ်ကို ပိုကောင်းပြီး မြန်မြန်ဆန်ဆန် လုပ်နိုင်ကြတယ်။

၄။ License၊ Certificate
လိုင်စင်တွေ၊ certificate တွေရှိတာကလဲ အလုပ်ရဖို့ အထောက်အကူပေးပါတယ်။ အချိန်ရရင် License၊ Certificate တွေ တက်ထားပါ။

၅။ ဘာသာစကား
အလုပ်လုပ်ရင် စကားပြောတတ်ဖို့ကလဲ အရေးကြီးပါတယ်။ သူပြောတာ ကိုယ်နားမလည် သူပြောတာ ကိုယ်မသိဘူးဆိုရင် အလုပ်တွင်မှာ မဟုတ်ပါဘူး၊ အလုပ်ကောင်းလိုချင်ရင် ရောက်တဲ့နိုင်ငံရဲ့ ဘာသာစကားကို နားလည်ပြီး ပြောဆိုမေးမြန်းနိုင်အောင် လေ့ကျင့်ထားဖို့လိုအပ်ပါမယ်။

၆။ ပေါင်းသင်းဆက်ဆံရေး
အလုပ်ထဲမှာ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်ဖို့လဲ အရေးကြီးပါတယ်။ ပေါင်းသင်းဆက်ဆံရေး ညံ့ရင် ကြောက်တတ်ရင် teamwork တွေလုပ်ဖို့မလွယ်ပါဘူး။

၇။ ကျန်းမာရေး
အလုပ်လုပ်ရင် ကျန်းမာရေးကောင်းဖို့လိုအပ်သလို တချို့အလုပ်တွေက သတ်မှတ်ထားတဲ့ အလေးချိန်ကို မ နိုင်တာ၊ မတ်တပ်ရပ်နိုင်ဖို့လဲ သတ်မှတ်ထားကြပါတယ်။

အလုပ်ကောင်းကောင်းရဖို့ မိမိ စိတ်ဝင်စားတာတွေကို သိအောင်လုပ်ပြီး အလုပ်အတွေ့အကြုံ၊ ပညာအရည်အချင်း skills တွေကို ဖြည့်ထားသင့်သလို အလုပ်လျှောက်လွှာ ကောင်းကောင်း ပြင်ဆင်ထားပါ၊ Interview သေချာဖြေတတ်အောင် လေ့ကျင့်ပါ။ လူသစ်၊ ပတ်ဝန်းကျင်သစ် ပေါင်းသင်းပြီး networking ကိုချဲ့ပါ။ မိမိကို လမ်းပြပေးနိုင်မယ့် mentor သို့ career coach ရဲ့ လမ်းပြမှုကို ခံယူပါ။ အရေးကြီးဆုံးကတော့ အလုပ်မရမချင်း ဆက်တိုက် လျှောက်နေဖို့လိုအပ်ပါတယ်။

အထက်ပါ အချက်တွေ လုပ်ကြလား?
ထပ်ပြီး ဖြည့်စွက်ချင်တာရှိရင်လဲ ပြောပြပေးပါဦးနော်။

ချစ်ခြင်းများစွာဖြင့်
#MoefromAmerica ❤️🇺🇸