အိမ်ဝယ်ရင် ပထမဦးဆုံး စဉ်းစားကြည့်သင့်တာတွေ…

ဒီ weekend ပိတ်ရက်လေးရတုန်း နောက်အိမ်ဝယ်ဖို့ House Hunting လုပ်လိုက်ပါဦးမယ်ရှင်

အဆင်ပြေရင် Live Video လေးလဲ တင်ပေးမှာမို့ စောင့်ကြည့်ကြဦးနော်။

အိမ်ဝယ်ရင် ပထမဦးဆုံး စဉ်းစားကြည့်သင့်တာက

၁။ ကိုယ်ဘယ်လောက်တတ်နိုင်လဲ?

HOA fee, property taxes and homeowner’s insurance တွေ နဲ့ ရတဲ့ လစာ take-home pay ထဲက ဘယ်လောက် % သုံးမလဲ? များသောအားဖြင့် လူတွေက 25-50 % သုံးကြပါတယ်။

၂။ Downpayment

အိမ်ဝယ်ရင် ပေးဖို့ Downpayment လိုပါတယ်။ down payment ၂၀ ရာခိုင်နှုန်းထက်နဲရင် private mortgage insurance (PMI) ပေးရပါတယ်။

၃။ Preapproved for a mortgage

အလုပ်လုပ်ထားတဲ့ ၂ နှစ် income tax W-2 tax forms , 3 paychecks , student loan, car payment တွေပြပြီး bank ကနေ preapproved mortgage ရဖို့လဲ လိုအပ်ပါတယ်။ ၁၅ နှစ် fixed-rate mortgage ယူမလား? နှစ် ၃၀ ယူမလား စဉ်းစားပါ။

၄။ အိမ်တွေကို ဘယ်ကရှာမလဲ?

house-hunting apps and websites တွေဖြစ်တဲ့ Realtor.com၊ Redfin Real Estate၊ Zillow and Trulia တို့ကနေလဲ listing တွေ ရှာကြည့်လို့ရပါတယ်။

၅။ Real Estate Agent ကောင်းနဲ့ ဆက်သွယ်ပါ။

ကိုယ်သတ်မှတ်ထားတဲ့ Budget နဲ့ ကိုက်ညီတဲ့အိမ်၊ neighborhood ကောင်းတာ၊ အရောင်အသွေး၊ အကျယ်အဝန်း၊ ကျောင်းပတ်ဝန်းကျင်၊ အိမ်တန်ဖိုးတက်လာတာ တွေလဲ ထည့်သွင်းစဉ်းစားရတဲ့ အချက်တွေပါပဲ။

အိမ်ရှာနေတဲ့သူတွေ အတွက် house-hunting tips တွေ အများကြီးပေးလိုက်ပြီနော်။ ကိုယ်နှစ်သက်တဲ့ အိမ်လေး ဝယ်နိုင်ပြီး စိတ်ချမ်းချမ်းသာသာနဲ့ နေနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

အိမ်ဝယ်ဖို့ ပြင်နေကြလား?
အထက်ပါ အချက်အလက်တွေထဲက လိုတာရှိရင်လဲ ဖြည့်စွက် ပေးနိုင်ပါတယ်နော်။

#MoefromAmerica ❤️🇺🇸