“အုန်းရေရောင်းပြီး ဘီလျှံနာဖြစ်လာသူ”

အမေရိကန်နိုင်ငံမှာ အုန်းရေတွေ ခေတ်စားနေလို့ ထုတ်လိုက်ကြတာ အပြိုင်အဆိုင်ပဲ။ ဒီတပတ် Costco သွားတော့ Costco Brand Kirkland ကလဲ Organic အုန်းရေ ထုတ်ထားတယ်။ အမြည်းတိုက်နေလို့ သောက်ကြည့်ပြီး တပါကင်ဝယ်ခဲ့တယ်။

အာရှတိုက်သားတွေကတော့ အုန်းရေဆိုတာ ငယ်စဉ်ကတည်းကသောက်ပြီး ကြီးပြင်းလာလို့ အထူးအဆန်းတော့ မဟုတ်ပါဘူး။
အမေရိကန်နိုင်ငံမှာတော့ အရင်က အုန်းရေ သောက်လေ့မရှိကြဘူး။

၂၀၀၃ ခုနှစ်မှာ Michael Kirban က New York bar တခုမှာ ဘရာဇီးနိုင်ငံက အမျိုးသမီး ၂ ယောက်က အုန်းရေနဲ့ မိတ်ဆက်ပေးလိုက်တဲ့ အချိန်ကစပြီး သူ့သူငယ်ချင်း တယောက်နဲ့ ပေါင်းပြီး အမေရိကန် စျေးကွက်မှာ အုန်းရေကို မိတ်ဆက်ပေးချင်သွားခဲ့တယ်။

အုန်းရေက nutrients ကြွယ်ဝတယ်။
antioxidant properties ရှိတယ်၊ ဆီးချိုသမားတွေ အတွက် သွေးချို ကိုကျစေတယ်။ kidney stones ကျောက်မကပ်အောင် ကာကွယ်ပေးတယ်။ ရေငတ်ပြေစေလို့ အားကစားသမားတွေ၊ ပူပြင်းတဲ့ နွေရာသီမှာ သောက်လို့ကောင်းတယ်။

နောက်တနှစ်မှာ Michael Kirban က သူ့ရဲ့ စုဆောင်းထားငွေ၊ ချေးဌားထားတဲ့ ငွေ $75,000 နဲ့ Vita Coco Company ကို စတင်တည်ထောင်ခဲ့ပါတယ်။ အုန်းရေတွေကို ဖိလစ်ပိုင်နိုင်ငံ၊ ဘရာဇီးနဲ့ Central America နိုင်ငံတွေက နေ ပင်တိုင်ရယူပါတယ်။

အနှစ် ၂၀ ကြာပြီး ဒီနေ့မှာ 1.43 ဘီလျှံတန်တဲ့ Company ဖြစ်လာပြီး Madonna, Matthew McConaughey and Demi Moore ဆယ်လီတွေလဲ Vita Coco Company မှာ ရင်းနှီးမြှုပ်နှံကြပါတယ်။

Vita Coco ရဲ့ အုန်းရေက အောင်မြင်ပြီး စျေးကွက် ဦးဆောင်သူ industry leader ဖြစ်လာတာက marketing strategies ကောင်းတယ်၊ စျေးကွက်ဝင်တာ စောတယ်၊ brand image ကိုခိုင်မာအောင် တည်ဆောက်တယ်၊ စားသုံးသူတွေ အကြိုက် ကျန်းမာရေးနဲ့ ညီညွတ်အောင်လုပ်ပေးထားတယ်။

စျေးကွက်မှာ ပြိုင်ဖက်တွေ များပေမယ့် Kirban က ပြိုင်ဖက်တွေကို ပိုတော်အောင် ၊ ပိုကောင်းအောင် တွန်းပို့ပေးတဲ့ driving force လို့ပဲ သဘောထားပြီး ပိုကြိုးစားတယ်။ “Every challenge became a catalyst to excel”

Startup to an industry giant သေးငယ်တဲ့ လုပ်ငန်းလေးကနေစခဲ့ပြီး အခက်အခဲတွေ အများကြီး တွေ့ခဲ့ပေမယ့် “win at any cost” အနိုင်ရရမယ်ဆိုတဲ့ စိတ်နဲ့ နောက်မဆုတ် လက်မလျှော့ခဲ့ဘူး။ Kirban က Persistence and Determination ရှိတယ်၊ ဆုံးဖြတ်ချက်ခိုင်မာတယ်။

အလုပ်တခုလုပ်မယ်ဆိုရင် Vision and Adaptability ရှိရမယ်၊ ပြောင်းလဲတော့မယ့် စျေးကွက် အလားအလာကို ကြိုမြင်ပြီး ဘယ်လို ရှေ့ဆက်သင့်လဲ စဉ်းစားတွေးခေါ်တတ်ဖို့လဲ အရေးကြီးပါတယ်။

အုန်းရေစထုတ်မယ်ဆိုတုန်းက လူတွေက သူ့ကိုရော သူ့ရဲ့ ideas ကိုပါ မယုံကြဘူး၊ ဒါပေမယ့် သူက “I’m going to prove you wrong” Vita Coco ရဲ့ အောင်မြင်မှုနဲ့ သူ့ကို မယုံသူတွေ အကုန်လုံးကို မှားယွင်းကြောင်း သက်သေပြခဲ့ပါတယ်။

အခက်အခဲရှိရင် လက်မလျှော့ပါနဲ့၊ ဆုံးဖြတ်ချက်ချပြီး သေချာလုပ်မယ်ဆိုရင် Michael Kirban လို အောင်မြင်မှာ အသေအချာပါပဲနော်။

မိမိကို မယုံကြည်သူတွေကို “I’m going to prove you wrong” လို့ တနေ့မှာ ပြောနိုင်အောင် ကြိုးစားလိုက်ပါ။

#MoefromAmerica ❤️🇺🇸