ပိုက်ဆံချက်ချင်းရှာချင်တယ် ဘယ်နိုင်ငံသွားသင့်လဲ?

အခုအချိန်မှာ နိုင်ငံခြားသွားချင်တယ် ပိုက်ဆံချက်ချင်း ရှာချင်တယ်ဆိုရင် အလုပ် visa နဲ့သွားလို့ရတဲ့ Japan၊ Korea သွားပါ။

အမေရိကားကို Visit visa ၊ Student visa နဲ့ လာရင် ပိုက်ဆံချက်ချင်း ရှာဖို့ မလွယ်ပါဘူး။

တရားဝင်အလုပ်လုပ်ခွင့်ရဖို့ work permit လိုတယ်။ အလုပ်မရခင်တောင့်ခံနိုင်ဖို့လိုတယ်။ ကူညီပေးမယ့် မောင်နှမ၊ အမျိုး လူခံရှိတာမျိုး၊ နေစရိတ်၊ စားစရိတ် ၆ လစာလောက်ပါလာမှ အဆင်ပြေမှာပါ။

လစာနဲတဲ့ minimum wages အလုပ်တွေနဲ့ပဲ နေမယ်ဆိုရင် နေစရိတ်၊ စားစရိတ်ကြီးလို့ အများကြီးပိုလျှံဖို့ မလွယ်လှဘူး။

အမေရိကန်နိုင်ငံမှာ ရေရှည် နေဖို့ စဉ်းစားထားရင် “invest in yourself” မိမိကိုယ်ကို တိုးတက်အောင် အသိပညာ၊ အတတ်ပညာတွေ သင်ယူမှ လစာကောင်းရပြီး အေးဆေးသက်သာ နေနိုင်မှာပါ။

minimum wage က တနာရီ $၁၅ ရတယ်ဆိုရင် ပညာတတ်ရင် အလုပ်လဲ သက်သာပြီး တနာရီ $၁၅ ထက် ၂ ဆကနေ ၆ ဆ ပိုရှာနိုင်ပါတယ်။

ပိုက်ဆံချက်ချင်းရှာချင်တယ် ပြီးရင် မြန်မာပြည်မှာ ပြန်နေမယ် ဆိုရင် work visa နဲ့ သွားလို့ရတဲ့ နိုင်ငံတွေ သွားတာ ပိုအဆင်ပြေပါလိမ့်မယ်လို့ စေတနာများစွာနဲ့ အကြံပေးပါရစေ။

#MoefromAmerica ❤️🇺🇸