နိုင်ငံခြားမှာကျောင်းတက်ရင် Evaluation ဘယ်လိုလုပ်ရမလဲ?

နိုင်ငံခြားမှာကျောင်းမယ်ဆိုရင် Bachelor Degree၊ Master Degree၊ Ph.D မိိမိတက်ခဲ့တဲ့ ဘာသာရပ်တွေကို Credit Transfer လုပ်ချင်တာ၊ ပြန်မတက်ချင်တော့ရင်၊ တက်ခဲ့ကြောင်းပြသချင်ရင် Evaluation လုပ်ရပါတယ်။

FIS က evaluate လုပ်ရတာ လွယ်ကူတယ်လို့ သုံးဖူးသူတွေက ပြောကြတယ်။
🔗https://www.fis-web.com/services/credential-evaluations

Course-by-Course evaluations
လုပ်တာကို ရွေးရင် အမှတ်စာရင်း၊ ဘွဲ့ PDF ပဲတင်ရပါတယ်။ တက်မယ့်ကျောင်းကို evaluation ပို့မယ်လို့ ရွေးပေးပါ။ တချို့တွေက မိမိ email 📧 ထည့်မိရင် ကျောင်းမရောက်ပဲ မိမိဆီပဲ ပြန်ရောက်လာတတ်တာ သတိချပ်ပေးပါ။

transcript evaluation လုပ်တာ ၂-၄ ပတ်ကြာတတ်ပါတယ်။ ကုန်ကျစရိတ်က $300 နီးပါးရှိပါတယ်။

နောက်တခု သတိထားရမှာက မြန်မာနိုင်ငံကဘွဲ့တွေက ၃ နှစ်ပဲရှိပြီး US က ၄ နှစ်မို့ Grade တွေတွက်လိုက်ရင် Grade Point Average က 3.0 အောက် ရောက်သွားနိုင်တာမို့ US က ကျောင်းအများစုက GPA 3.0 နဲ့ အထက်လိုတာမို့ မတင်ချင် ကိုယ့် Grade တွေကို အရင် စစ်ကြည့်ဖို့လိုပါမယ်။

#MoefromAmerica ❤️🇺🇸

———
#အမေရိကန်နိုင်ငံမှာ ကျောင်းအပ်မယ်၊ Visa လျှောက်ဖို့၊ သံရုံး interview ဝင်ဖို့ အကူအညီလိုရင် #MoefromAmerica က ကူညီဆောင်ရွက် ပေးပါတယ်။

#MoefromAmerica is Experienced in Education. She studied in Australia in her teenage years, then she went to Community Colleges and Universities in United States. She has earned her Doctorate Degree in Pharmacy and currently working as a Licensed Pharmacist.