“အမေရိကားမှာ ကျောင်းတက်မယ်ဆိုရင် သိသင့်တဲ့ University structure လေးပါ”

အသက် ၁၆- ၁၈ နှစ်ဆို Associate degrees (Art ဝိဇ္ဇာ ဘွဲ့၊ Science သိပ္ပံ)က Community College မှာစတက်လို့ ရပြီး ၂ နှစ်တက်ရပါတယ်။

ပုံမှန်အားဖြင့် တနှစ်ကို 2 semesters တက်ရပြီး full-time course ဆို 1 semester ကို 12 credits = 12 နာရီ တက်ရပါတယ်။ 1 credit ကို တနာရီ ပဲတက်ရပါတယ်။ တပတ် ၃-၄ ရက်ပဲ တက်ရတာပါ။ တချို့အတန်းတွေက Online တက်လို့ရပါတယ်။

တပတ်လုံး အမြဲ ကျောင်းတက်ဖို့ မလိုတာမို့ ကျန်တဲ့ အချိန်တွေ အားရင် part-time အလုပ်လုပ်လို့ရပါတယ်။

Bachelor’s degrees ရဖို့ ၄ နှစ်တက်ရပါတယ်။ Community College မှာ ၂ နှစ်တက်ပြီးရင် ဘွဲ့ရဖို့ ၂ နှစ်ပဲ ထပ်တက်ရပါတော့မယ်။ ၄ နှစ် bachelor’s degree ဘွဲ့ရဖို့ universities အများစုက 120-130
credits လိုပါတယ်။

Master’s degrees က ဘွဲ့ရပြီးရင် နောက်ထပ် ၂ နှစ်တက်ရတာပါ။ 1 semester ကို 9 credits နဲ့ ဘွဲ့ရဖို့ Credit Hours 30 ကျော်တက်ရတာပါ။

Master Degree က အလုပ်တဖက်နဲ့ တက်ကြတာမို့ ညနေပိုင်း အတန်းတွေ ဖြစ်ပြီး တပတ် ၂-၃ ရက်ပဲ တက်ရတာမို့ အလုပ်အေးဆေး လုပ်လို့ရပါတယ်။

PhD or doctoral degrees တွေက ၅-၈ နှစ်တက်ရပါတယ်။ PhD တွေက Stipend တလ $1800 လောက်ရတာမို့ နေစရိတ်၊ စားစရိတ်ကာမိပါတယ်။

United States မှာ ကျောင်းတက်ရင် credit system အသုံးပြုပြီး ကျောင်းသားတွေရဲ့ လုပ်ဆောင်မှုကို တွက်ကြပါတယ်။

ဒီလောက်ဆို University structure တွေကို အကြမ်းဖျင်း သိကြပြီပေါ့နော်။

#MoefromAmerica ❤️🇺🇸

———
#အမေရိကန်နိုင်ငံမှာ ကျောင်းအပ်မယ်၊ Visa လျှောက်ဖို့၊ သံရုံး interview ဝင်ဖို့ အကူအညီလိုရင် #MoefromAmerica က ကူညီဆောင်ရွက် ပေးပါတယ်။