“အိမ်ဌားနေသင့်လား? အိမ်ဝယ်သင့်လား?”

ဒီနေ့ အထက်ပိုင်းက အရာရှိတွေနဲ့ meeting တွေ့ဖြစ်လို့ အိမ်အကြောင်းပြောဖြစ်ကြတယ်။

Executive Position အရာရှိ တယောက်က ဆို US state ၅ ခုမှာ အိမ်တွေ ပိုင်တယ်၊ သူက ပြောတယ် အခုအချိန်မှာ အတိုးနှုန်းတွေ မြင့်နေသေးလို့ အိမ်ဌားနေတာက အိမ်ဝယ်ပြီး နေတာထက် smarter financial choice ဖြစ်ပြီး ကုန်ကျပိုသက်သာမယ်။

အခုအချိန်မှာ ဝယ်တဲ့အိမ်ကို mortgage လစဉ်ပေးရတာ အရင်တုန်းကထက် ၆၀ ရာခိုင်နှုန်းပိုမြင့်သွားပြီ။

အတိုးနှုန်းတွေကလဲ မြင့်နေသေးတယ်။ အိမ်ဌားနေရင် Property Taxes တွေ ပေးစရာမလိုသလို HOA fees နဲ့ တခြား ပြင်တဲ့ ကုန်ကျစရိတ်၊ ပြုပြင်ထိန်းသိမ်း တာတွေလဲ ပေးစရာမလိုဘူး။

California လို အိမ်စျေး အရမ်းကြီးတဲ့နေရာမှာဆို အိမ်ဌားနေတာက အိမ်ဝယ်ပြီးနေတာထက် ပိုက်ဆံပို save ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ 66% က အိမ်ပိုင်ကြပြီး 34% က အိမ်ဌားနေကြပါတယ်။

#MoefromAmerica ❤️🇺🇸