အမေရိကန်နိုင်ငံမှာ Master Degree လာတက်မယ်ဆိုရင် သိသင့်တဲ့ အချက်…

ကျောင်းတွေက အရင် တက်ပြီးသား ဘွဲ့က အမှတ်စာရင်း Grade Point Average GPA 2.75 or 3.0 အထက်လိုပါတယ်။

အမေရိကန်နိုင်ငံက Bachelor Degree ကို ၄ နှစ်မှ ပေးတာမို့ ၃ နှစ်ပဲ တက်ရတဲ့ ဝိဇ္ဇာဘွဲ့ တွေက GPA 2.0 လောက်ပဲရှိတာမို့ GPA မမှီရင် ကျောင်းတွေက လက်မခံတတ်ကြပါဘူး။

အဲလိုဆို Master Degree တက်ဖို့ လိုအပ်တဲ့ အတန်းတွေ 2-3 semesters ပြန်တက်ပေးရပါတယ်။

Engineering Degree၊ Medical ၊Dental Schools တွေလို Professional School တက်ထားတဲ့သူတွေက 5-6 years တက်ထားကြလို့ GPA မှီကြတယ်။ အစ်ကို တယောက်ဆို BE Mechanical ၅ နှစ်တက်တာ US GPA နဲ့ ပြန်တွက်တာ GPA 3.87, Swiss Business School GPA 3.54 ရတယ်။

တခုသတိထားဖို့က မြန်မာနိုင်ငံက GPA က 5.0 နဲ့ တွက်ပြီး US က 4.0 နဲ့ပဲ တွက်ပါတယ်။

ကျောင်းလျှောက်ရင် တချို့က တကျောင်းတည်းနဲ့ အဆင်ပြေသွားကြပေမယ့် တချို့ကျ 3-8 ကျောင်း လျှောက်ကြတယ်။ Application Fees တော့ ကုန်တာပေါ့။ နာမည်ကြီးတဲ့ ကျောင်းတွေက ဝင်ခွင့်ခက်နိုင်တယ်ဆိုတာ သတိချပ်ပေးပါ။

Master Degree လာတက်မယ်ဆို လိုအပ်တာတွေက

▪️GPA 3 to 4 years of a bachelor’s degree in the relevant field with an average GPA of 3.0 or 65 – 70% and above
▪️Proof of your English-language Proficiency test such as IELTS 6.5, Duolingo 100-120
▪️Statement of Purpose (SOP)
▪️Two to three letters of recommendation
▪️တနှစ်စာ ကျောင်းလခ + နေစရိတ် Bank Statement $35,000-50,000 တွေပါ။

မိမိ GPA ဘယ်လောက်ရလဲ သိအောင် GPA Calculator နဲ့ တွက်ကြည့်ပါ။
🔗https://www.calculator.net/gpa-calculator.html

———
#အမေရိကန်နိုင်ငံမှာ ကျောင်းအပ်မယ်၊ Visa လျှောက်ဖို့၊ သံရုံး interview ဝင်ဖို့ အကူအညီလိုရင် #MoefromAmerica က ကူညီဆောင်ရွက် ပေးပါတယ်။
#MoefromAmerica is Experienced in Education. She studied in Australia in her teenage years, then she went to Community Colleges and Universities in United States. She has earned her Doctorate Degree in Pharmacy and currently working as a Licensed Pharmacist.