ပူပင်တယ် စိတ်ဖိစီးမှုများတယ်ဆိုတာ လူအိုစေတယ်၊ ပါးရေတွန့်စေပြီး ရောဂါထူပြီး အသက်ကိုလဲ တိုစေနိုင်ပါတယ်။
အမူအကျင့်တွေ တနေ့နဲနဲပြောင်းလဲပြီး စိတ်ထားတတ်ရင် အသက်ကြီးလာပေမယ့် စိတ်ချမ်းသာ ပျော်ရွှင်စေမှာပါ။
၁။ ပစ္စုန်ပန်မှာ နေပါ။
အတိတ်ကမှားခဲ့တာတွေ ၊ ဆုံးရှုံးခဲ့တာတွေကို တမြေ့မြေ့တွေးပြီး ဆွေးနေမယ့် အစား ယခုလက်ရှိဖြစ်နေတာတွေပဲ တွေးပါ။
ပြန်မရနိုင်တာတွေ၊ ပြောင်းလဲလို့မရနိုင်တာတွေကို တွေးပူမနေပါနဲ့။ မေ့လိုက်ပါ။
မနက်ခင်းရဲ့ နေခြည်နွေးနွေးအောက်မှာမနက်ကော်ဖီကို သောက်ပြီး ညနေ နေဝင်တာကို စိတ်ချမ်းချမ်းသာသာနဲ့ ခံစားကြည့်ပါ။ ပတ်ဝန်းကျင်ကလူတွေကို အကောင်းမြင် ဖြည့်တွေးပေးလိုက်ပါ။
စိတ်ကို ပြောင်းလဲပြီးထားလိုက်တာနဲ့ ပျော်ရွှင်လာစေမှာပါ။
၂။ လူရွေးပေါင်းပါ။
အဆိပ်အတောက် ဖြစ်စေသူတွေ၊ မကောင်းမြင်သူ၊ ဒရမ်မာများသူ ကို ရှောင်ပြီး မိမိကို support လုပ်ပေးသူ၊ အကောင်းမြင်သူတွေနဲ့ ရွေးပေါင်းပါ။
မိမိကို အသုံးချဖို့ သက်သက်ပဲပေါင်းချင်သူ၊ အရာရာလုပ်ပေးစေချင်သူတွေ၊ တဖက်စောင်းနင်း အသာစီးလိုချင်သူတွေ၊ မိမိကိုဆွဲချမယ့်သူတွေကို ဝေးဝေးရှောင်ပါ။
၃။ ကျေးဇူးတင်ပါ။
တန်ဖိုးကြီးတဲ့ကားတွေ မဝယ်နိုင်တာ၊ အပျော်ခရီးမထွက်နိုင်တာ၊ အိမ်ကြီးကြီးမရှိတာ၊ ဝင်ငွေကောင်းတဲ့ အလုပ်မရှိတာတွေကို သူတပါးနဲ့ နှိုင်းယှဉ်ပြီး တွေးမပူပါနဲ့။
နေ့တိုင်းမိမိကို ပျော်ရွှင်စေတဲ့ အကြောင်းအရာ ၃ ခုကို gratitude journal လုပ်ထားပြီး ချရေးပါ။ ပျော်ရွှင်မှု သေးသေးလေးတွေ စုပေါင်းလိုက်တဲ့အခါ ပျော်ရွှင်စိတ်ချမ်းသာမှု အကြီးကြီး ဖြစ်လာစေမှာပါ။
၄။ လေ့ကျင့်ခန်းလုပ်ပါ။
ချွေးထွက်တာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာတွေက စိတ်လှုပ်ရှားတတ်တာ၊ စိတ်ဖိစီးမှုကိုလျှော့ကျစေပြီး ညဘက်ပိုအိပ်လို့ကောင်းစေလို့ လေ့ကျင့်ခန်း လုပ်ပေးပါ။
ဝိတ်ကျစေတဲ့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းမျိုးလုပ်တာ မဟုတ်ပဲ Zumba ကတာမျိုး၊ yoga မျိုး ပေါ့ပါးတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို တနာရီလောက် နေ့စဉ်လုပ်ပေးတာက ကျန်းမာပျော်ရွင်စေပါတယ်။
၅။ ဝါသနာကို ရှာဖွေပါ။
ပန်းစိုက်တာ၊ စာရေးတာ၊ မုန့်ဖုတ်တာ၊ ဟင်းချက်တာ အစရှိသဖြင့် မိမိဝါသနာပါတာတွေကို မိမိလုပ်ရမယ့် တနေ့တာ တာဝန်တွေလုပ်ရင်း balance အနေနဲ့ နေ့စဉ်အချိန် နဲနဲယူပြီးလုပ်ပေးခြင်းဖြင့် စိတ်ချမ်းသာ ပျော်မှုရစေမှာပါ။
၆။ မိမိကိုယ်ကို ဂရုစိုက်ပေးပါ။
နေ့စဉ်အလုပ်များနေပေမယ့် အချ်ိန်နဲနဲယူပြီး အသက်ဝဝရှုတာ၊ ကော်ဖိီတခွက်သောက်တာ၊ စာအုပ်ဖတ်တာ၊ ခဏအနားယူတာတွေ လုပ်ပေးပြီး မိမိကိုယ်ကို self-care လုပ်ပြီး ဂရုစိုက်ပေးတာတွေက the best version of yourself စိတ်ချမ်းသာပျော်ရွှင်စေပြီး ခွန်အားကို ရစေပါတယ်။
၇။ ပြောင်းလဲတာတွေကိုလက်ခံပါ။
ပြောင်းလဲတာတွေက ဘဝမှာ ဖြစ်နေကျပဲပါပဲ၊ လူတွေပြောင်းလဲသွားတာ၊ ရာသီဥတု ပြောင်းလဲတာတွေက သဘာဝ တရားတခုအနေနဲ့ လက်ခံပေးလိုက်ပါ။
ကိုယ်ထိိန်းချုပ်လို့မရတဲ့ သဘာဝတရားကို လက်မခံနိုင်တာ၊ ကြောက်နေတာ၊ တုန်လှုပ်တာတွေ ဖြစ်မယ့်အစား ဒါတွေကဖြစ်တတ်ပါတယ်လို့ စဉ်းစားကြည့်
တွေးကြည့်လိုက်ရင် ရှေ့ဆက်ရမယ့် ဘဝခရီးမှာ ပျော်ပျော်ရွှင်ရွှင်နေလို့ရစေမှာပါ။
၈။ လောကကြီးကို အကောင်းမြင်ပေးပါ။
အတွေးတွေက ဘဝကိုပုံဖော်စိုးမိုးထားကြတာလို့ ဆိုကြတယ်။ ဘဝမှာ ပျော်ရွှင်သူအများစုက ဖြစ်ခြင်း ပျက်ခြင်း သဘာဝကို လက်ခံနိုင်ကြပြီး ထိန်းချုပ် ရွေးခြယ်တုံ့ပြန်ကြတယ်။
အကောင်းမြင်စိတ်ရှိသူတွေက ရေဖန်ခွက်တဝက်လောက်ပဲ ရှိပေမယ့် အပြည့်ဖြစ်သွားအောင် ဖြည့်တွေးပေးနိုင်စွမ်းရှိကြတယ်။ အတွေးအမြင်တွေကို ထိန်းချုပ်နိုင်ရင် ကောင်းတာတွေ မြင်လာမယ်၊ အခက်အခဲတွေကို ခလုတ်ဆူးတွေလို မမြင်တော့ပဲ အခွင့်အရေးကောင်းတခုအနေနဲ့ မြင်တတ်လာမယ်။
တိုတောင်းလှတဲ့ လူ့ဘောင်လောကကြီးမှာ အကောင်းမြင်ကြည့်ပေးပြီး ဘဝကို စိတ်ချမ်းသာ ပျော်ရွှင်အောင် ဖြတ်သန်းကြပါနော်။
အထက်ပါ အချက်တွေထဲက ဘာတွေလုပ်ဖြစ်ကြလဲ ပြောပြပေးပါဦးနော်။
#MoefromAmerica ❤️🇺🇸