အမေရိကန်နိုင်ငံမှာ စျေးသက်သက်သာသာ နဲ့ ဘွဲ့ရဖို့

အမေရိကန်နိုင်ငံမှာ ကျောင်းစရိတ်တွေက စျေးကြီးပါတယ်၊ International Student တယောက်အနေနဲ့ အမေရိကန်နိုင်ငံမှာ စျေးသက်သက်သာသာနဲ့ ဘွဲ့ရဖို့ဆိုရင် ကိုယ့်နိုင်ငံမှာ Bachelor Degree တက်ပြီး US မှာ ၂ နှစ်ကြာတဲ့ Master Degree တက်မယ်ဆိုရင် ကျောင်းလခ ၂ နှစ်စာပဲ ကုန်မှာ ဖြစ်လို့ စျေးသက်သာမှာပဲ ဖြစ်ပါတယ်။

 

India လူမျိုးတွေဆို သူတို့နိုင်ငံမှာ Bachelor Degree တက်ပြီး USA၊ UK၊ Australia ၊ Canada ၊ New Zealand ၊ Ireland နိုင်ငံကြီးတွေမှာ Master Degree တက်ကြပါတယ်။ India နိုင်ငံမှာ Master Degree ကောင်းတဲ့ ကျောင်းတွေ သိပ်မရှိသလို၊ ရှိတဲ့ ကျောင်းတွေမှာ လူတွေပြည့်နေတတ်ကြလို့ပါ။

 

နိုင်ငံကြီးတွေမှာ ကျောင်းတက်ခြင်းဖြင့် နိုင်ငံခြား အတွေ့အကြုံရသလို၊ ပြသနာတွေကို ကိုယ်တိုင်ဖြေရှင်းရလို့ ရင့်ကျက်မြန်စေပါတယ်၊ Networking တွေရစေပြီး အဲနိုင်ငံမှာ အလုပ်အကိုင်ကောင်းတွေလဲရစေပါတယ်၊ ကိုယ့်နိုင်ငံပြန်ရင်လဲ Local ဘွဲ့ရသူတွေထက် နိုင်ငံကြီးက ဘွဲ့ရထားပြီး အတွေ့အကြုံရှိသူတွေဆို လစာပိုကောင်းကြပါတယ်။

 

အမေရိကန်နိုင်ငံမှာ Master Degree ရှိသူ တယောက်အနေနဲ့ တနှစ်လစာ $70,000-120,000 လောက်ရတတ်ကြပြီး အမေရိကန်နိုင်ငံမှာ အလုပ်ရှာမယ်ဆိုရင်လဲ သူ့နိုင်ငံက ဘွဲ့ရဆိုပိုခန့်ကြပါတယ်။

 

အမေရိကန်နိုင်ငံမှာ Master Degree တက်မယ်ဆိုရင်

◾️မိမိတက်ထားတဲ့ ဘွဲ့နဲ့ ဆက်စပ်မှုရှိတာမျိုး တက်ဖို့လိုအပ်သလို မိမိနိုင်ငံမှာ ကျောင်း ၄ နှစ်တက်ထားတာ ရှိရပါတယ်။ ကျောင်းအနဲစုပဲ ၃ နှစ်တက်ထားတဲ့ ဘွဲ့ကို လက်ခံကြပါတယ်။

◾️Grade Point Average (GPA) 3.0 အထက်ရှိရမယ်။

◾️ English language proficiency အတွက် IELTS, TOEFL, Duolingo ဖြေထားရမယ်။

ကျောင်းလခက Public Universities ၊ $10,000 ကျော်ကနေ Private Universities $50,000 ကျော်အထိရှိနိုင်ပါတယ်။

 

International Students တွေကြားမှာ အတက်များတဲ့ Master Degrees တွေကတော့

 

* Master of Science in Finance
* Master of Science in Computer Science
* Master of Science in Healthcare Management
* Master of Science in Engineering Management
* Master of Business Administration (MBA)

 

Master Degree တက်ခြင်းဖြင့် လစာပိုကောင်းစေပြီး မိမိရဲ့ Career ကိုလဲ တိုးတက်စေမှာ ဖြစ်ပါတယ်။

 

#MoefromAmerica ❤️🇺🇸
References: Forbes
———

✅အမေရိကန်နိုင်ငံမှာ ကျောင်းအပ်မယ်၊ Student/ Visit Visa လျှောက်ဖို့၊ ဆေးခန်းပြဖို့ Appointment ယူတာ၊သံရုံး interview ဝင်ဖို့ အကူအညီလိုရင် #MoefromAmerica က ကူညီဆောင်ရွက် ပေးပါတယ်။

🔗https://www.moefromamerica.com/study-in-the-usa/