World Universities Rankings 2024 အရ အမေရိကန်နိုင်ငံက State အလိုက် အကောင်းဆုံးလို့ နာမည်ကြီးတဲ့ ကျောင်းများ

အမေရိကန်နိုင်ငံ မှာကျောင်းတက်ကြမယ် 👩‍🎓👨‍🎓

▪️ကျောင်းတက်ဖို့ ဘာလိုလဲ?

 

၉ တန်း/၁၀ တန်းအောင်ဆိုရပါပြီ။
IELTS, TOEFL , Duolingo Test တွေထဲက တခုခုဖြေပါ။

Duolingo ဆိုလွယ်လဲ လွယ်ပါတယ်။ တလလောက် အချိန်ယူပြင်ဆင်ရင် အမှတ် ၁၀၀ လောက်ရနိုင်ပါတယ်။

 

ဖြေစရာမလိုတဲ့ ကျောင်းတွေရှိပါတယ်။
ဒါပေမယ့် ဖြေတာက Visa ရဖို့ Chance ပိုမြင့်မားစေတယ်။
ကျောင်းတက်တဲ့ အခါလဲ စာပိုလိုက်နိုင်စေပါတယ်။

 

Fall Semester (August)
Spring Semester (January) မှာ ဖွင့်ပြီး ကျောင်းလျှောက်ဖို့ ၃-၄ လ အချိန်ယူသင့်ပါတယ်။

 

▪️ဈေးအသက်သာဆုံးတက်ချင်တယ်ဆိုရင်

 

Community college ကိုစတက်ပါ။
ကျောင်း၂နှစ်တက်ရပါတယ်။
ကျောင်းပြီးရင် Associate degree ရပါတယ်။
တစ်နှစ်ကို $10000 ဝန်းကျင်ရှိပါတယ်။
အသက် ၂၈ နှစ်အထက်ဆိုရင်တော့ Community college ထက် 2nd Bachelor Degree သို့ Master Degree တက်သင့်ပါတယ်။

 

ကောလိပ်၂နှစ်ပြီးရင် Associate Degree ရတာနဲ့ University တတိယနှစ် ကိုတက်လို့ရပါပြီ။ 2နှစ်တက်ပြီးတာနဲ့ Bachelor degree ရပါပြီ။ စျေးသက်သာချင်ရင် State University တွေမှာတက်ပါ။

 

▪️State တွေရွေးခြယ်ရင်
စစဆို မြန်မာတွေများတဲ့ New York, California တို့လိုနေရာမျိုး မြို့ကြီးကိုရွေးခြယ်ပါ။ မဟုတ်ရင် တယောက်တည်းနေရတာ၊ အထီးကျန်တာတွေ၊ အစားအသောက်မတူညီတာ၊ အပေါင်းအသင်းမရှိတာတွေနဲ့ စိတ်ဓာတ်ကျသွားနိုင်ပါတယ်။

 

▪️ဘယ်ဘာသာတက်ရမလဲ?
ကိုယ်တိုင်လဲ ဝါသနာပါပြီး ကျောင်းပြီးရင် အလုပ်ရနိုင်သော ဘာသာရပ်မျိုးကို ရွေးခြယ်ပါ။ ဝါသနာပါမှ ထူးချွန်ပေါက်မြောက် အောင်မြင်ပြီး ကျောင်းပြီးအောင် တက်နိုင်မှာပါ။

 

အမေရိကန်နိုင်ငံမှာ international students တွေအများစုတက်ပြီး Visa ရလွယ်တဲ့ ဘာသာရပ်တွေက

▪️Medicine
▪️Business Management
▪️Computer
▪️ Engineering
▪️ IT

တွေပဲဖြစ်ပါတယ်။ Healthcare ကျန်းမာရေးအလုပ်က ၂၀၁၉ ကနေ ၂၀၂၉ အထိ ၁၅ ရာခိုင်နှုန်းအထိ တိုးပွါးဦးမှာပါ။ ဘွဲ့ရပြီးရင် အလုပ်ရဖို့ အသေချာဆုံးက medical field ဆေးလောကပါပဲ။ IT နဲ့ management ကလဲ 10%-15% အထိ တိုးတက်မယ်လို့ မျှော်လင့်ထားကြတယ်။

 

#MoefromAmerica ❤️🇺🇸
—————

 

✅အမေရိကန်နိုင်ငံမှာ ကျောင်းအပ်မယ်၊ Student/ Visit Visa လျှောက်ဖို့၊သံရုံး interview ဝင်ဖို့ အကူအညီလိုရင် #MoefromAmerica က ကူညီဆောင်ရွက် ပေးပါတယ်။

🔗https://www.moefromamerica.com/
study-in-the-usa/

 

#MoefromAmerica is Experienced in Education. She studied in Australia in her teenage years, then she went to Community Colleges and Universities in United States. She has earned her Doctorate Degree in Pharmacy and currently working as a Licensed Pharmacist.