ဘဝမှာ အရမ်းခက်ခဲလာတဲ့ အခါ….

၁။ လမ်းလျှောက်ပါ- လမ်းလျှောက်ခြင်းက စိတ်ကို ကြည်လင်စေတယ်။

 

၂။ အနားယူပါ – ကိုယ်လုပ်ချင်တာတွေကို လုပ်ဖို့အတွက် တစ်နေ့တာ အနားယူလိုက်ပါ။

 

၃။ ရက်ရောပါ- သူစိမ်းတစ်ယောက်ကို တစ်ခုခုပေးပါ။ ပေးကမ်းခြင်းများသည် မိမိရဲ့ စိတ်အတွင်းပိုင်းထဲထိ နွေးထွေးစေပါသည်။

 

၄။ တယောက်တည်း အထီးကျန်တာတွေ မဖြစ်အောင် ကော်ဖီဆိုင် သို့မဟုတ် လူရှုပ်တဲ့လမ်းမှာ ထိုင်ပြီး မိမိရဲ့ ပတ်ဝန်းကျင်ကို နစ်မြုပ်လိုက်ပါ။ လူတွေနဲ့ စကားပြောစရာ မလိုဘူး။

 

၅။ လေ့လာပါ- မိိမိ တွေ့ကြုံနေရသောအရာကို ရှာဖွေပါ။ ပြဿနာများကို ရင်ဆိုင်ဖြေရှင်းရန် အသိပညာနှင့် အရင်းအမြစ်များကို ရှာဖွေလေ့လာပါ။

 

၆။ ကြိုတင်ပြင်ဆင်ပါ- တစ်နေ့တာလုပ်ဆောင်ရမည့်စာရင်းကို ညကတည်းက ချရေးထားပြီးပြင်ဆင်ထားပါ။

 

၇။ အားသာချက်များ- မိမိမှာ အားနဲချက်ပဲ ရှိနေတာ မဟုတ်ပါဘူး၊ အားသာချက်တွေလဲရှိတယ်ဆိုတာ သတိရအောင် အားသာချက် အချက် ၂၀ စာရင်းကို ချရေးပါ။

 

၈။ ရှေ့ကို ဆက်သွားပါ- ဘာပဲဖြစ်ဖြစ် သေးငယ်တဲ့ ခြေလှမ်းတွေကို ဆက်လုပ်ပါ။ ဘာမှ မလုပ်ပဲ ငြိမ်နေခြင်းသည် ခက်ခဲတာတွေကို ပိုတွေးမိစေပါတယ်။

 

၉။ ဟင်းချက်တာ၊ ဓာတ်ပုံရိုက်တာ ..ဝါသနာဟောင်းတစ်ခုကို ပြန်လုပ်ပါ။ တစ်ခုမှ မရှိလျှင် တစ်ခုခု ဖန်တီးပါ။

 

၁၀။ ဦးစားပေးပါ- အရေးကြီးတာတွေကို အခုပဲ ဆုံးဖြတ်ပြီး လုပ်ပါ။ မလိုအပ်တဲ့ အပိုအလုပ်တွေကို ငြင်းဆိုပါ။

 

၁၁။ စိတ်ကြည်အောင် အိပ်ရေးဝဝ အိပ်ပါ။ ညတိုင်း ၇-၉ နာရီ အိပ်စက် အနားယူပါ။

 

၁၂။ မိုက်မဲပါ – ငယ်ငယ်က လုပ်ချင်ခဲ့တဲ့ အလုပ် တစ်ခုခုကို လုပ်ပါ။ ဘဝကို အရမ်းအလေးအနက်မထားပါနဲ့။

 

၁၃။ ငိုချပါ – စိတ်ညစ်နေတဲ့ စိတ်ခံစားချက်အားလုံးကို လွှတ်ပေးလိုက်ပါ။ ပိုကောင်းလာမယ်။

 

၁၄။ သင့်ကိုယ်သင် ပြောဆိုမှုတွေကို စစ်ဆေးပါ။ မိမိကိုယ်ကို အပျက်သဘောဆောင်သော ပြောဆိုမှုများကို ရှောင်ပါ။

 

၁၅။ ချရေးပါ- စိတ်ခံစားချက်တွေကို ချရေးတဲ့ အလေ့အထကို မွေးမြူပါ။ ဒါက သင့်စိတ်ကို လွတ်မြောက်အောင် ကူညီပေးပါလိမ့်မယ်။

 

၁၆။ ဘဝသည် ခရီးတစ်ခုဖြစ်ကြောင်း သင့်ကိုယ်သင် သတိပေးပါ။ အခုကြုံတွေ့နေရတဲ့ အခက်အခဲတွေဟာ ယာယီဖြစ်ပြီး ပြီးဆုံးသွားမှာဖြစ်ကြောင်း သတိပေးပါ။

 

အခုအချိန်မှာ ဘဝက ခက်ခဲနေရင် အထက်ပါ အချက်လေးတွေကို လုပ်ကြည့်ပါ။ ဘယ်အချက်တွေ လုပ်ဖူးကြလဲ ပြောပြပေးပါဦးနော်။

 

မိမိကိုယ်ကိုယုံကြည်မှု တည်ဆောက်ခြင်းစာအုပ်ကို စာပေလမ်း နဲ့ နီးစပ်ရာ စာအုပ်တိုက်ကနေ မှာယူနိုင်ပါပြီရှင်။

 

👉🏻 https://www.facebook.com/share/jQ5p9g7MAufHiome/?mibextid=WC7FNe

 

ချစ်ခြင်းများစွာဖြင့်
#MoefromAmerica ♥️