ဒီနေ့ ညနေ Pharmacy ကို မက်ဆီကန် လို့ထင်ရတဲ့ သက်လတ်ပိုင်း အမျိုးသမီး ၃ ယောက် ရောက်လာတယ်။ ကို ဗစ် ကာကွယ်ဆေးထိုးဖို့ appointment ယူထားတယ်လို့ ပြောတော့ ခဏစောင့်လို့ ပြောလိုက်တယ်။
နောက်တော့ ID တောင်းပြီး paperwork တွေ process လုပ်ပြီးတော့ ဆေးထိုးပေးဖို့ consultation room ကို သွားလိုက်တယ်။
သူမကို အခန်းထဲလာလို့ရပြီလို့ ပြောလိုက်တော့ ခပ်ကုတ်ကုတ်နဲ့ ရောက်လာတယ်။ ကျွန်မလဲ ထုံးစံအတိုင်း မွေးနေ့ မေးပြီး ဆေးထိုးပေးရမယ့် လူမှန်မမှန် စစ်တော့၊ သူမက English လို နားမလည်ဘူး။ သူမ သူငယ်ချင်း နာမည် အော်ခေါ်တော့ သူငယ်ချင်း ရောက်လာပြီး ဘာသာပြန်ပေးတယ်။
ဒါနဲ့ ကျွန်မလဲ ဆေးထိုးဖို့ အပ်တပ်နေရင်း Spanish လိုပဲ ပြောတတ်တာလား? ဘယ်နိုင်ငံကလဲ မေးတော့ Cuba ကလာတာ ၁၀ လပဲ ရှိသေးတယ်လို့ သူ့သူငယ်ချင်းက ဖြေပေးတယ်။
Cuba ကဆို ဘယ်လိုလာတာလဲ ရေကူးပြီး Florida ကို သွားတာလား မေးတော့ “မဟုတ်ဘူး၊ Visa နဲ့ Mexico 🇲🇽 ကို သွားပြီး အဲကနေ နယ်စပ်ကနေဖြတ်လာတာ” မက်ဆီကိုက နယ်စပ်ဖြတ်ပေးတဲ့ Coyote တွေက ဆိုးတယ်နော် ကျွန်မက ပြောတော့ “ဟုတ်တယ်၊ ဆိုးတယ် ကြောက်ဖို့လဲ ကောင်းတယ်၊ နယ်စပ်ဖြတ်တာလေးကို $2000-3000 တောင်းကြတာ” လို့ ကြောက်တဲ့ မျက်နှာလေး နဲ့ ပြောတယ်။
စွန့်စွန့်စားစားနဲ့ လာခဲ့ရပေမယ့် အခုတော့ အမေရိကားမှာ ပျော်နေပြီတဲ့၊ Cuba မှာ တလမှ လစာ $၂၀ လောက်ရတာ၊ ဒီမှာက စားပွဲထိုးလုပ်ရင်တောင် တနာရီ အဲပိုက်ဆံရှာလို့ရနေပြီလို့ ပြောတယ်။
အခု အလုပ်လဲလုပ်နေပြီတဲ့။
အလုပ်လုပ်တာ English လို မသင်ဘူးလား အလုပ်ထဲ မပြောရဘူးလား မေးကြည့်တာ၊ English လို ပြောစရာမလိုဘူး Spanish လို ပြောလဲလုပ်လို့ရတယ်လို့ ပြောတယ်။
အမေရိကား ရောက်တာ ၁၀ လအတွင်း သူ့မှာ State ID လဲရှိတယ်၊ Medicaid လဲရှိတယ်၊ အလုပ်လဲရှိနေပြီဆိုတော့ သူ့ရဲ့ networking လဲ ကောင်းပုံရတယ်။
အလုပ်လုပ်နိုင်သေးတဲ့အရွယ်၊ သင်ယူနိုင်သေးတဲ့ အရွယ်မှာ တိုးတက်တဲ့ နိုင်ငံကို စွန့်စားသွားပြီး ကြိုးစားရင် ကြိုးစားသလို မြင့်မားတဲ့ ဘဝတခု ပြောင်းလဲ သွားနိုင်တယ်။
Life is about creating yourself ဆိုတဲ့ အတိုင်း မိမိလိုချင်တဲ့ ဘဝကို ဖန်တီးတည်ဆောက်နိုင်ရမယ် မဟုတ်ပါလား?
သူမကို အသစ် ထွက်ထားတဲ့ ကို ဗစ် ကာကွယ်ဆေး ထိုးပေးတာပြီးသွားတော့ အခန်းဝလိုက်ပို့ရင်း အမေရိကန်နိုင်ငံမှာ ကံကောင်းပါစေလို့ ဆုတောင်းစကားလေး ပြောပေးဖြစ်ပါတယ်။
အမေရိကားကို လာလို့ရတဲ့ နည်းလမ်းလေးတွေကိုလဲ YouTube မှာ Real Life experiences တွေ နားထောင်ကြည့်လို့ရပါတယ်။
🔗 Risking it all for an American dream https://youtu.be/AJK_qVCiVfA
#MoefromAmerica ❤️🇺🇸