မနေ့က ကျွန်မရဲ့ စာအုပ်ထုတ်ဝေသူက စာအုပ်တွေ ကုန်တော့မှာမို့ ထပ်ရိုက်ဖို့ အကြောင်းကြားရင်း နောက်စာအုပ်မှာ ဘာတွေ ရေးသင့်လဲ အကြောင်းတိုင်ပင်ဖြစ်ကြတယ်။
▪️လူငယ်တွေကို Career ကောင်းကောင်းရအောင် တည်ဆောက်ဖို့ အကြောင်းတွေ
▪️နိုင်ငံရပ်ခြားရောက်ရင် အောက်ခြေသိမ်း အလုပ်တွေပဲ လုပ်ဖို့ စဉ်းစားတာထက် အဲနိုင်ငံနဲ့ သင့်တော်တဲ့ skills တွေ ရအောင် တည်ဆောက်ပြီး တောက်ပနိုင်အောင် ပြောပြပေးဖို့
▪️ပိုက်ဆံကို စုပြီး investment လုပ်တတ်ဖို့
▪️Victim လို အမြဲမခံစားနေပဲ Victory ဖြစ်အောင် စွမ်းဆောင်နိုင်ဖို့
▪️survivor ကနေ thrive ဖြစ်အောင်
▪️ဘဝမှာ အောင်မြင်မှုတွေရဖို့ plan & discipline ချတတ်ဖို့
▪️အသက်ကြီးလာရင် မပူပင်ရအောင် ငွေရေးကြေးရေးကို ကြိုတင်စုဆောင်းပြီး စီမံခန့်ခွဲတတ်ဖို့
အစရှိတဲ့ အကြောင်းအရာတွေ ရေးပေးဖို့ တောင်းဆိုထားပါတယ်။ ဆယ်တန်းအောင်ပြီး အသက် ၁၇ နှစ်ကျော်ကနေ ဒီနေ့အထိ နှစ် ၂၀ ကျော် ထိပ်တန်းနိုင်ငံတွေဖြစ်တဲ့ Australia ၊ United States မှာ ပညာသင်ယူ၊ ရှင်သန် ဖြတ်သန်းလာပြီး အောက်ခြေကနေ တထစ်ချင်း မယိုင်လဲအောင် အုတ်မြစ်ချ တည်ဆောက်ခဲ့လို့ အခုအချိန်မှာ ကိုယ်လိုချင်တဲ့ ဘဝတခုကို တည်ဆောက်ထားနိုင်ပြီ ဖြစ်တာမို့ သင်ယူခဲ့တဲ့ Education, Knowledge & Wisdom တွေကနေ တိုးတက်အောင်မြင်ချင်သူတွေကို လမ်းပြပေးနိုင်မယ်လို့ ယုံကြည်မိပါတယ်။
တိုးတက်ဖို့ သင်တန်းတက်ချင်သူတွေ အတွက်
🔗 https://www.moefromamerica.com/course-list/
#MoefromAmerica ❤️🇺🇸