Home > Duolingo

Duolingo English Test (DET) စာမေးပွဲဖြေဖို့ ဘယ်လို ပြင်ဆင်ရမလဲ?

 
Duolingo English Test (DET) ဆိုတာက IELTS တို့ TOEFL တို့လိုပဲ နိုင်ငံတကာမှာ ကျောင်းတက်ဖို့ရာနဲ့ အလုပ်သွားရောက်လုပ်ကိုင်လိုတဲ့ non-native speaker တွေအတွက် English 4 skills ကို တတ်မြောက်မှုစစ်ဆေးပေးတဲ့ standardized test တစ်ခုပဲဖြစ်ပါတယ်။
 
Duolingo English Test- DETကိုဘယ်နိုင်ငံကကျောင်းတွေကလက်ခံလဲ?
 
DET ကိုတော့ USA, Canada, New Zealand, Ireland အပါအ၀င် တခြားသောနိုင်ငံပေါင်းများစွာမှာ လက်ခံပါတယ်။ အသေးစိတ်ကိုတော့ မိမိလျှောက်မယ့်ကျောင်းရဲ့ Requirement မှာကြည့်လို့ရသလို ပိုပြီးသေချာအောင် Admission ကို email ပို့‌ပြီး မေးကြည့်ပါ။
 
အမေရိကန် နိုင်ငံက Community college တော်တော်များများက Duolingo အမှတ် 85-110 လောက်ရရပါမယ်။ Master Degree ဆို 120 လောက်တောင်းပါတယ်။
 
  • Duolingo English Test ရဲ့အားသာချက်ကတော့ Test Centre သွားစရာမလိုပဲ မိမိအိမ်မှာပဲ တိုက်ရိုက်ဖြေဆိုနိုင်မှာဖြစ်ပါတယ်။
  • Exam Fees ကတော့ $58 သာကျသင့်မှာဖြစ်ပါတယ်။
  • စုစုပေါင်းဖြေဆိုချိန် – ၆၀ မိနစ်
  • မိမိဖြေဆိုထားတဲ့ test results ကိုလည်း ၄၈ နာရီ (၂ ရက်) အတွင်းသိနိုင်ပါတယ်။ Test Results ကလည်း ၂ နှစ်ထိ အကျုံးဝင် ပါတယ်။

Duolingo ဖြေဖို့ ဒီ YouTube channel ကနေလေ့လာနိုင်ပါတယ်။

 

  1.   Teacher Luke – Dueling English Test
 
  2.   English Idea by Rim Alam
 
  3.   Teacher Sally: Academic English Tips and Practice
 
  4.   This is Yulia
 
  5.   Speaker English
 
  6.   Duolingo English Test
 
Duolingo ဖြေရတာ TOEFL တို့၊ IELTS တို့လောက် မခက်သလို ပြင်ဆင်ရတာလဲ လွယ်ကူမြန်ဆန်ပါတယ်။ ဖြေထားခြင်းဖြင့် Visa Officers တွေက ဒိီကျောင်းသားက ကျောင်းတက်ဖို့ တကယ်ကြိုးစားတာပဲ၊ စိတ်ဝင်စားတာပဲဆိုပြီး Visa ရဖို့ Chance ကိုပိုမိုမြင့်မားစေပါတယ်။
 
ယခုဝေမျှပေးသွားတဲ့ Duolingo စာမေးပွဲ ကို YouTube channel များကိုကြည့်ပြီး အချိန်တိုတိုနဲ့ အမှတ်ကောင်းကောင်းရအောင် ဖြေဆိုနိုင်ကြပါစေလို့ #MoefromAmerica မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။
Duolingo လက်ခံတဲ့ Top US Universities တွေပါ။ တချို့တွေက Duolingo 120 ရမှ လက်ခံပါတယ်။ တချို့တွေက 105-110 လဲ လက်ခံကြပါတယ်။
duolingo english test
Duolingo English Test
Official Guide for Test Takers
Official Guide
duolingo english test with answers
Duolingo English Practice Test with Answers