Kaplan GED Test Prep Plus 2018

GED စာအုပ်တွေ စျေးကြီးတယ်ဆိုလို့ ပိုက်ဆံမကုန်စေမယ့် PDF စာအုပ်ရှာပေးထားတယ်ျနာ်။ Kaplan ကထုတ်တဲ့ မေးခွန်း ၂ စုံပါ 2018 စာအုပ်ပါ။

File Size တော့ နဲနဲကြီးတယ်
👉🏻https://drive.google.com/file/d/1Kgi32q3RM1CuVmmZX9QiXpV__GmRqweL/view?usp=drivesdk

10 တန်း မအောင်ပဲ အမေရိကန်နိုင်ငံမှာ ကျောင်းတက်ချင်ရင် GED ဖြေပါ

မြန်မာပြည်မှာ GED ဖြေမယ်ဆိုရင် ကိုယ့်ဘာသာ Self Study လုပ်လို့ရသလို
✔️CROWN
✔️YIUS
✔️MSI တွေမှာ သင်တန်းတက်ပြီးလဲ ဖြေလို့ရပါတယ်

So Lett ဆိုတဲ့ ညီမလေး တယောက်ပြောပြချက်အရ
YIUS ကျောင်း နဲ့ Crown မှာ တက်လို့ရပါတယ်

ဈေးကသူများထက်အနည်းငယ်များနိုင်ပေမဲ့ကျောင်းကောင်းကျောင်းမှန်တွေပါ။

YIUS ကျောင်း ဆိုရင် GED ဆိုတာမြန်မာနိုင်ငံမှာခေတ်မစားခင် 2016 ခုနှစ်ထဲကပထမဦးဆုံးစခဲ့တဲ့ကျောင်းပါ။ သူ့ page မှာကလေးတွေရဲ့ရလာဒ်ကောင်းတွေလည်းတင်ပေးထားတယ်

Crown ကတော့ GED ကို ဒီနှစ်မှစဖွင့်ပေမဲ့ သူ့ကျောင်းဂုဏ်နဲ့ဆရာအောင်ကျော်စန်းရဲ့စေတနာတွေနဲ့ကအရွေးမမှားပါဘူး

Myanmar Ivy College of Business and Technology လက်ရှိ pre GED တက်နေတဲ့ ကျောင်းသား တယောက်ကလည်း အဆင်ပြေပါတယ်

နယ်က ကျောင်းသားတွေ GED အကြောင်း မသိတဲ့သူတွေ အတွက်ပြောပြပေးတာပါရှင်

တခြား အဆင်ပြေတဲ့ နေရာရှိရင်လည်း ပြောပြပေးကြပါဦးနော်

Education နဲ့ ပတ်သက်ပြီး Consult လုပ်ချင်တာ အမေရိကန်က လူနေထိုင်မှု ဘဝ/ အလုပ်အကိုင်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးချင်တာရှိရင် Chatbox ကိုစာပို့လို့ ရပါတယ်။

ချစ်ခြင်းများစွာဖြင့်
#MoefromAmerica ❤️

Follow on YouTube: 💌 shorturl.at/etKY9