Interested to Study in the USA?
Interview Training
သံရုံးမှာ Visa သွားဖြေဖို့ Interview Training လေ့ကျင့်ပေးပါတယ်။ ကိုယ်တိုင်လဲ ကျောင်းဝင်ခွင့်၊ အလုပ်အတွက် Interview အမြောက်အများဖြေခဲ့ရသလို၊ အလုပ်ထဲမှာလဲ ဝန်ထမ်း အသစ်တွေကို interview မေးနေကြမို့ အကျွမ်းတဝင်ပါပဲ။
စသင်ကတည်းက ဒီနေ့ ဒီအချိန်ထိ အပတ်စဉ် ကိုယ်တိုင်ပဲ သင်ပေးပါတယ်။ Community College ကနေ ခက်ခဲတဲ့ Master Degree F1/ F2 Visa, Visit Visa တွေ အောင်မြင်သွားတာ အများကြီးပါပဲ။
Consulting
ဘဝမှာ လမ်းပျောက်နေသူတွေအမေရိကန်နိုင်ငံကို Student Visa နဲ့ လာရမလား? Visit Visa နဲ့လာရမလား? ဘာတွေ စလုပ်သင့်လဲ? Budget Planning တွေ အကြံပေးဖြစ်ပါတယ်။ 30-45 minutes Phone Call Session ဖြစ်ပြီး Appointment ကြိုယူရပါတယ်။
Applying Student/ Visit Visa
ကိုယ်တိုင် အသက် ၁၈ နှစ်အရွယ်ကတည်းက Australia နိုင်ငံမှာ ကျောင်းစတက်ခဲ့ပြီး အမေရိကန်နိုင်ငံမှာလဲ Community College ကနေ Doctorate Degree အထိ ဘွဲ့ရထားတာမို့ထိရောက်တဲ့ အကြံဥာဏ်တွေပဲ ပေးဖြစ်ပါတယ်။
ခရီးသွားရတာ ငယ်စဉ်ကတည်းက ဝါသနာပါလို့ ခက်ခဲတဲ့ Visa တွေတောင် ရအောင် ယူနိုင်ခဲ့ပြီး နိုင်ငံတွေပတ်လာတာ အခုထပ်သွားတဲ့ နိုင်ငံတွေပါရင် ၁၉ နိုင်ငံ ရှိပြီ။ မယုံရင် Passport ထဲက Visa တွေကြည့်နိုင်ပါတယ်။
Visa ရဖို့ အတတ်နိုင်ဆုံး ကူညီပေးပြီး Visa က လူတိုင်းလိုချင်ကြပေမယ့် Visa ရဖို့ Criteria တွေရှိမှ Visa ရနိုင်မယ်ဆိုတာ သတိချပ်ပေးပါ။
Classes
အမေရိကန်နိုင်ငံမှာ Career အသစ် တည်ဆောက်ချင်သူတွေအတွက် လုပ်ငန်းခွင်မှာ သိသင့်တာတွေကို On-the-Job Training သင်ပေးသလို Resume ရေးနည်း၊ အလုပ်လျှောက်နည်းတွေလဲ သင်ပေးပါတယ်။
Documents Help
အမေရိကန်နိုင်ငံကို စရောက်ရင် အခက်အခဲတွေ့ကြတာ ဒီနိုင်ငံက စာရွက်စာတမ်းတင်တာတွေ အခက်အခဲတွေ့ကြတာပါပဲ၊ သေချာ Forms တွေ မဖြည့်တတ်ရင် မလိုအပ်တဲ့ အချိန်တွေ ကြန့်ကြာတာတွေ ဖြစ်တတ်ပါတယ်။ နိုင်ငံခြားမှာ နေလာတာ အနှစ် ၂၀၊ USမှာနေလာတာ ၁၆နှစ်ရှိပြီမို့ တင်ခဲ့ရတဲ့ စာရွက်စာတမ်း Documents ပေါင်းမြောက်မြားစွာရှိခဲ့ပြီမို့ ကူညီပြီး တင်ပေးနိုင်တာပါ။ I-589, I-130, I-765 work permit, K-1 Visa, Renew Expired Green Card I-90 တွေ ကူညီ တင်ပေးပါတယ်။
တကယ်လဲ နားလည်တတ်ကျွမ်းပြီး ကိုယ်တိုင်ဖြတ်သန်းလာခဲ့ရတဲ့ ဘဝအတွေ့အကြုံတွေထဲ အကောင်းဆုံးတွေကိုပဲ လမ်းညွှန်ပေးဖြစ်ပါတယ်။ ကိုယ်နားမလည် မတတ်ကျွမ်းတာတွေ အတွက်လဲ အချိန်ကုန် မခံတတ်ပါဘူး။
လူတိုင်းကို ကူညီပေးနိုင်မှာ မဟုတ်သလို ကျွန်မ မှာ စံချိန်စံညွှန်း တခုရှိတဲ့ အတွက် ‘I’m Not Everyone’s Cup of Tea’ လူတိုင်းကလဲ ကျွန်မကို ကြိုက်မယ် မထင်ထားပါဘူး။
နိုင်ငံခြားမှာ နေရတာ အိမ်အလုပ်လဲ ကိုယ်တိုင်လုပ်ရတာမို့ အချိန်က Limit ရှိပြီး High Paying Full Time Job လဲ တဖက်နဲ့ မို့ ယုံကြည်ပြီး တကယ် အကူအညီလိုအပ်ပြီး ကိုယ်တိုင်လိုက်လုပ် ကြိုးစားတဲ့သူတွေကိုပဲ လက်တွဲခေါ် ကူညီပေးသွားမှာ ဖြစ်ပါတယ်။
လွန်ခဲ့သော ၄ နှစ်ကတည်းက ကျွန်မမှာ ကိုယ်ပိုင် Company ရှိပြီး လုပ်တဲ့ အလုပ်တိုင်းအတွက် အစိုးရဆီမှာ နှစ်စဉ် တရားဝင် ဝင်ငွေအခွန်ဆောင်ပါတယ်။
ပိုက်ဆံအကုန်မခံနိုင်ဘူး၊ ကိုယ်တိုင်ပဲ လုပ်မယ်ဆိုလဲ #MoefromAmerica ရဲ့ YouTube မှာ Visa လျှောက်နည်း၊ Form ဖြည့်နည်း၊ အမေရိကန်နိုင်ငံကို ဘယ်လိုလာလို့ရလဲ အစုံတင်ပေးထားပါတယ်။
ကြိုးစားချင်စိတ်ရှိသူတွေ အောင်မြင်ချင်တဲ့ လူငယ်တွေ၊ အမေရိကန်အိပ်မက်ရှိသူတွေ အတွက် Dr.Moe ရဲ့စာအုပ် ၂ အုပ် ဆိုင်မှာ ဖတ်ကြည့်မယ်ဆ်ိုလဲ ဝယ်လို့ရပါပြီရှင်